မရှိသော တောရွာလေးတစ်ရွာ။ ထိုရွာလေး တွင် အသက်ရှစ်ဆယ်နားနီးအဘိုးအိုတစ် ဦး။ ရွာအစွန်၌ တည်ရှိသော သူ့ ခြံဝင်း။ သူ၏ခြံဝင်းအရှေ့ ၌ မညီမညာဖြစ်နေသာ မြေနီ လမ်းမကြီး။ မညီမညာဖြစ်နေသော မြေနီလမ်းမကြီးကို ပြန့် ပြူးသွားအောင်မြေဖို့ နေလေ သည်။ အဖိုး အို၏ ခြံဝင်းအတွင်း မချက်စုဟုတွင်သည့်သရက်ပင်ကြီးတစ်ပင်။ ထိုင်အပင် အောက် လူသုံးယောက်ခန့် ကျယ်ကျယ်ပြန့် ပြန့် လှဲလျောင်းနိုင်သည့်ကွပ်ပျစ်တစ်ခု။ ထိုကွပ်ပျစ်တစ်ခုပေါ်တွင် ဆယ့်နှစ်နှစ်အရွယ် ခလေးငယ်သုံးဦး။ ထိုသုံးဦးသည် အဖိုးအို၏မြေး။ မြေးသုံးယောက် စာကျက်နေသည်ကို အဖိုးအိုသည် နားထောင်ရင်း မညီမညာလမ်းမကြီးကို မြေဖို့ နေလေသည်။ အဖိုးအို၏မျက်နှာသည် ပြုံးနေလေသည်။ အပြုံးသည် လူငယ်တစ်ယောက် လိုမျိုး။ ရုတ်တရက် စွာကျယ်ကျယ် အသံတစ်ခုသည် အဖိုးအို၏နားထဲသို့  အလုအယက်တိုးဝင်လာလေသည်။ “ အဖိုး…အဖိုး..စာမကျက်ချင်တော့ဘူး။ စာရသွားပြီ “…။ မြေးအကြီးဆုံးတစ်ယောက်၏ အသံ။ အဖိုးအိုသည် ခြံဖက်သို့ လှည့်ကြည့်လိုက်လေသည်။ ထိုနောက် ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး သူ့ မြေးများရှိရာ မချက်စုပင်အောက်သို့ ။ ထိုင်ချလိုက်သည်နဲ့ တပြိုင်နက် အငယ်ဆုံးမြေး လေးသည် အသံ သေးသေးလေးနဲ့ မေးခွန်းများမေးလေသည်။ “ အဖိုး…မပင်ပန်းဘူးလား။။။ပိုက်ဆံရလားအဖိုး။။။။ရွာထဲက လူတွေကလည်း ဘာဖြစ်လို့ လမ်းမပြင်ကြတာလဲ…အဖိုး။။။ဖိုးဖိုး တစ်ယောက်တည်း ပဲ့ပြင်နေတယ်။ ဖိုးဖိုးနေမကောင်းဖြစ်ရင် ဘယ်လို လုပ်မလဲ…..မကြောက်ဘူးလားအဖိုး…ဖြေလေ အဖိုးရဲ့ ..” တဲ့ ။ အဖိုးအို၏ မျက်လုံးများသည် တောက်ပလျက်။ အပြုံးများသည် လင်းထိန်လျက်။ မြေးအလတ်ကောင်သည် ရေနွေးကြမ်းတစ်ခွက်ကို အဖိုးအိုအား ပေးလေသည်။ ပြီးနောက် ပြောလေသည်။ “ အဖိုး….မနေ့ က ကျောင်းမှာ ဟောပြောပွဲလုပ်တယ်။ သွေးတိုး ရောဂါအကြောင်း ပြောပြတာ အဖိုး….သိပ်ကြောက်ဖို့ ကောင်းတာပဲ့ …သားတော့ အငံတွေ အဆီတွေ မစားချင်တော့ဘူး။ လူသတ်တဲ့ ရောဂါတဲ့ …အဖိုး “။ အဖိုးအိုသည် သူ၏မြေးသုံးယောက်ကို ကြည့်လိုက်ပြီး …. “ မြေးတို့ …….က သိပ်လိမ္မာတာပဲ့….။ အခု စာတွေရကုန်ပြီလား.. အဖိုးကို ပြန်ဆိုပြစမ်း …..”။ တဲ့ ……..မြေးသုံးယောက်သည် တစ်ယောက်ပြီး တစ်ယောက် သူတို့ ကျက်ထားသော စာများကို ပြန်ဆိုပြနေလေသည်။ အဖိုး အို၏ မျက်လုံးများသည် တောက်ပလျက်ပေါ့။ “ ဟာ……..မြေးတို့ က သိပ်တော်တာပဲ့ ကွယ်….. မြေးတို့ အခုကြိုးစားမှ မြေးတို့ ရဲ့ အနာဂတ်က လှပမှာ။ မြေးတို့ ရွာလည်း မျက်နှာ မငယ်မှာ။ သိလား …မြေးတို့ …အခုထက်ပိုပြီး ကြိုးစားကြ။ … ဘာဖြစ်လို့ လည်းသိလား…………မြေးတို့ ……အခုနေတဲ့ ရွာကို ပဲ့ ကြည့် ဘာတွေတိုးတက်နေလဲ…..ဆိုတာ…လမ်းမကြီး မညီမညာဖြစ်နေတာတောင် ဒီအတိုင်းထားထားတယ်။ ရွာလူကြီးကိုလည်း အပြစ်ပြောလို့ မရပါဘူးလေ…. ရွာကလူတွေကိုလည်း အပြစ်ပြောလို့ မရဘူး….သူတို့ က သူတို့ သိသလောက် ပဲ့ လုပ်တယ်…မကြိုးစားကြတော့ဘူး….ရှိသမျှနဲ့ ရောင့်ရဲနေကြတယ်…ဒါကို သူတို့ က လောဘနည်းတယ်…ဆိုပြီး နေနေကြတယ်…အမှန်မှာက ပျင်းနေကြတာ.. အမှန်တိုင်းကို ၀န်မခံချင်ကြဘူး……..ပျင်းနေကြတာကို ရောင့်ရဲလွယ်တယ်….လောဘ နည်းတယ် …ဆိုပြီး အကြောင်းပြချက်ပေးနေတာ……သိပ်ဆိုးတာပဲ့…ကိုယ့်ရွာ…ပိုပြီး တိုးတက်လာအောင် နိုင်တဲ့ဖက်ကနေ အားမထုတ်ချင်ကြဘူး…..အပြစ်ပြောဖို့ ပဲ့ သိကြတယ်…..ပြီးတော့ သူများရွာတွေကိုလည်း အားကျလိုက်သေး…ကိုယ့်ရွာမှာ ကိုယ်တိုင်က ဘာမှမလုပ်ဘူး…….သိလား မြေးတို့ ……။ မြေးတို့ အလှည့်ကျရင် ဒီလို မဖြစ်စေနဲ့ ………နိုင်တဲ့ ဖက်က အတတ်နိုင်ဆုံးလုပ်ပေးကြ။ ဒါကြောင့်မြေး တို့ ကို စာကိုကြိုးစားသင်ပေးနေတာ…….ကြိုးစားခိုင်းနေတာ…အသိတွေသိလာ အောင် ပညာသင်ခိုင်းတာ………..အခု မြေးတို့ ရွာကိုကြည့်..အသိတွေ မပွင့်လင်း လို့ ဒီလို ဆင်းရဲနေတာ………ဒါလည်း ရွာလူကြီးကို အပြစ်ဆိုလို့ မရဘူး…..ဘာ ဖြစ်လို့ လည်းဆိုတော့ ရွာလူကြီးကိုယ်တိုင်က အခုခေတ်အနေ နဲ့ ပြောရမယ် ဆိုရင် ဘာဘွဲ့မှ မရှိတာ….တချို့ ရွာက ခေါင်းဆောင်တွေကိုကြည့်ပါလား… တချို့ ရွာက ရွာလူကြီးတွေကို ကြည့်ပါလား……PHD တို့ MASTER ဘွဲ့ တို့  အများကြီးယူထားတာ။ ဘွဲ့ တွေအများကြီးရထားသူတွေ၊ အခုမြေးတို့ ရွာမှာ ကြည့် ရွာခေါင်းဆောင်က ဘွဲ့ တွေ မရှိဘူးဆိုတော့ ရွာအချင်းချင်း ယှဉ်ရင် ကိုယ့်ရွာသူရွာသားတွေ မျက်နှာငယ်ကြရတာပေါ့။ ဒါကသဘာဝပဲ့လေ…. အခုခေတ်က ဘွဲ့တွေ များများယူနိုင်မှ၊ ယူမှ မျက်နှာလည်းလှ၊ ရွာတွေကြားမှာ လည်း ၀င်ဆန့် ကြတာ။ မြေးတို့ ရွာလူကြီးက ဘွဲ့ မရှိပေမယ့်၊ ဘွဲ့မရခဲ့ပေမယ့် ရွာသူ၊ရွာသားတွေက ဘွဲ့ တွေ အများကြီးယူနိုင်တဲ့ အခွင့်အရေးတွေရှိတာပဲ့။ ဒါကြောင့် မြေးတို့ ကြိုးစားကြ။ ရွာသူရွာသားတွေ ကြိုးစားကြ။ ကိုယ့်ရွာသား တစ်ယောက် ဘွဲ့ တွေအများကြီးယူနိုင်ရင်၊ ယူပြီးရင် ကိုယ့်ရွာအတွက် ဂုဏ်တက် လာတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ဘွဲ့ တွေ အများကြီးယူတဲ့ သူတစ်ယောက်ကို အကြောင်းပြုပြီး အခြားရွာက လူတွေက စိတ်ဝင်စားလာကြမယ်။ ကိုယ်တို့ ရွာဆို တာဘယ်လိုရွာမျိုးလဲ၊ ဘယ်နားမှာ ရှိတာလဲ၊ ဒီရွာသမိုင်းက ဘာလဲ၊ ဒီရွာရဲ့ယဉ်ကျေးမှုက ဘယ်အဆင့်လဲ၊ ရွာတွေအများကြီးရဲ့ အာရုံဟာ မြေးတို့ ရွာ အပေါ်ကျလာမှာပေါ့။…အဖိုးပြောတာက ဘွဲ့ ယူတဲ့ တစ်ယောက်ကိုအကြောင်း ပြုပြီး ကိုယ့်ရွာဂုဏ်တက်လာတာကိုပြောတာ။ သူကြောင့်ကိုယ့်ရွာ ဂုဏ်တက်ရတယ် ဆိုင်ရင်ပဲ့ သူက အဖိုးတန်လူပါပဲ့။ လောကကိုအကျိုးပြုတဲ့ လူဆိုတော့အဖိုးတန်တာ ပေါ့………..မြေးတို့ ….ဒါကြောင့် မြေးတို့ လည်း ကြိုးစားကြ။ မြေးတို့ ရွာရဲ့ အခြေအနေ က မြေးတို့ လက်ထဲမှာပဲ့ ရှိတယ်…..သိပြီလား…….” ။ မြေးသုံးယောက်သည် ငြိမ်သက်လျက်။ အဖိုးအိုသည် ရေနွေးကြမ်းတစ်ခွက်ကို သောက်လျက်။ မြေးသုံးယောက်ကို အကဲခတ်လျက်။ ရုတ်တရက် အကြီးဆုံး မြေးတစ်ယောက်က…….. “ အဖိုး………………သွေးတိုးရောဂါကို မကြောက်ဘူးလား…. သားတော့ကြောက်တယ်….ဒါကြောင့် အငံလျော့စားတော့မယ်..အဖိုး.. အဖိုးရော……………ဘယ်လို လဲ …….” တဲ့ ။ အဖိုးအိုသည် ရေနွေးကြမ်းတစ်ခွက်ကို သောက်လိုက်ပြန်လေသည်။ ထို့ နောက် သူ့ မြေးသုံးယောက် ခေါင်းကို ပွတ်သပ်လိုက်ပြီး…. “ ဒီလိုရှိတယ် မြေးတို့ ရဲ့ …….. ဘယ်အရာမဆို အလွန်အကျွံလုပ်ရင် ဒဏ်ဖြစ်တတ်တယ်ကွဲ့ .. မြေးတို့ ကြားဖူးမှာပေါ့ တန်ဆေးလွန်ဘေး ဆိုတာလေ….သက်သက်ပြောခဲ့ မဟုတ်ဘူး….သတိပေးခဲ့တာ။ လိုက်နာရမယ်….ဒါကြောင့်ဘာပဲ့လုပ်လုပ် အလွန်အကျွံမလုပ်ကြနဲ့ ။ ပြီးတော့ ရောဂါကို ကြောက်ပြီး ဘာမှမစားပဲ မနေနဲ့ ။ ကြောက်တယ် ဆိုတာ မသိသေးလို့ ။ သိလို့ ရှိရင် မကြောက်တော့ဘူး။ သဘာဝ ပဲ့။ ရောဂါဖြစ်မယ်..ဖြစ်မယ်…ရှောင်ကြ၊ ရှားကြ ဆိုပြီး သူများတွေပြောတိုင်းလည်း မယုံနဲ့ သိလားမြေးတို့ …..ကျန်းမာရေးအသိရှိဖို့ တော့လိုတယ်။ ဒါပေမယ့် သိပ်ကြောက်ဖို့ မလိုပါဘူး။ ဟုတ်တယ်ဟုတ်………မြေးတို့ ……..ပြီးတော့ အမြဲတမ်းပြောင်းလဲစီးဆင်းနေတဲ့ ခေတ်ကို လိုက်ကြည့်ပြီး မြေးတို့ မျိုးဆက်တွေ ဟာ ခံနိုင်ရည်ရှိသွားမှာ…သူ့ ခေတ်နဲ့ သူ့ ခန္ဒာညှိယူသွားမှာပါ။ မဖြစ်ခင် ကြိုတင် ကာကွယ်ခြင်း ဟာ အကောင်းဆုံးပါပဲ့။ ဒါကိုတော့သိထားရမယ်။ ဒါပေမယ့် ညောင်သီးလည်းစား လေးသံလည်းနားထောင်ဆိုသလို…လိုတာတွေကိုလည်းစား၊ အန္တာရယ်ကိုလည်း အမြဲဂရုပြုနေရမှာပေါ့………နားလည်ပြီလား မြေးတို့ ………” ။ တောင်ဖက်အရပ်မှ လေညှင်းအေးအေးလေးသည် ညင်သာစွာတိုက်လျက်။ မချက်စုဟုတွင်သည့် သရက်ပင်ကြီးသည် ခေါင်းငြိမ့်လျက်။ မြေနီလမ်းမကြီးသည် လှဲလျောင်းလျက်။ အဖိုးအိုသည် ရေနွေးကြမ်းကိုသောက်လျက်။ မြေးသုံးယောက် သည် လည်း………………………………၊။
Friday, January 14, 2011
မျက်နှာငယ်သောရွာ
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 10:01 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် စတင်ခြင်း, မင်းရဲရှင်
Saturday, January 8, 2011
မရည်လေး
“တစ်ဂူထဲမှာ ခြင်္သေ့နှစ်ကောင် မအောင်းဘူး - တဲ့
အမေ့ဂူထဲမှာ ခြင်္သေ့သုံးကောင်
ယောင်လို့တောင် မဟောင်ကြ
ထူးခြားလှချည်လားကွယ်။”
အမေ့ကဗျာထဲက ခြင်္သေ့နှစ်ကောင်
မောင်လေးတို့ တကယ်မဟောင်ခဲ့ကြဘူးနော်။
နေ့တူနာမ်တူ “အလတ်”ချင်းလည်းတူ
ဒါပေမယ့် အစ်မကတော့ ဘယ်တုန်းကမှ မလစ်လပ်ခဲ့သူ။
အကြိမ်အကြိမ်အခါခါ မှားနေတဲ့သူ့မောင်အား
မရမက ဂုဏ်ယူဝံ့ကြွားသူ။
တက္ကသိုလ်ဆိုတာ မမြင်ဖူးတဲ့မောင်လေးကို
မာစတာတန်းကသူငယ်ချင်းတွေနဲ့အတူ စာကူရှင်းဖို့ တောင်းဆိုသူ။
ဟိုယောင်ယောင် ဒီယောင်ယောင် သူ့မောင်
အစာအိမ်ပါယောင်တဲ့အခါ
သူ့နားကအဆောင်မှာခေါ်ထား
ရုံးသွားတိုင်း ထမင်းချိုင့်ထွက်ပေးခဲ့သူ။
သူ့ကျောင်းနေသက်ကို သိုးမွေးချည်တွေ၊ တက်တင်းချည်တွေနဲ့ ဆက်ခဲ့သူ။
သူ့အခန်းဖော်ဟူသမျှ၊ သူ့အတန်းဖော်ဟူသမျှ
သူ့လက်ရာအင်္ကျီတွေနဲ့လှနေကြပေမယ့်
သူ့အဝတ်သေတ္တာမှာ အမေဝယ်ပေးထားတာပဲရှိသူ။
သူဟာ ငါတို့အိမ်ရဲ့ထောင်မှာကျနေတဲ့ အိမ်ထောင်မရှိသူ အပျိုစင်
သူဟာ ငါတို့ရဲ့ မာသာထရီဇာ
သူ့ကိုယ်သူမှတစ်ပါး တစ်မိသားစုလုံးအား ပူပန်သူ။
အစ်မကြီးမဟုတ်သော်ငြား အမိအရာထားထိုက်သူ။
မိုးခါးရေထက်ခါးတဲ့ အမှန်တရားနဲ့ ရွတ်ရွတ်ချွန်ချွန်မှားနေသူ။
အရိုးသားဆုံးထက်ရိုးသား အကြိုးစားထက်ကြိုးစားကာ
ဘဝနေနည်းအနုပညာမှာ ခရတ်ဒစ်မပါသူ။
အလှတရားကို သနပ်ခါးထက် ပိုမသိသူ။
စိန်ဥမုန့်ဟင်းခါးပင် မသိသော်ငြား အမေ့ပါးကို ပြောင်စေသူ။
ထို သူ (သို့) သူမ….
ကိုးရက်တစ်လမှာ
အဖိုးဖြတ်မရတဲ့ ငါတို့အစ်မဖြစ်လာခဲ့တယ်။………။
မာရေးသျှင်
၉၊၁၊၂၀၁၀ (အစ်မရည်လေးမွေးနေ့)
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 10:39 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Monday, January 3, 2011
ဇွတ်အထင်ကြီးခြင်း
တာပဲ့။ ကိုယ့်ရွာထက်သာတယ်။ ကိုယ့်ရွာက ဘာမှ လုပ်မပေး နိုင်ဘူး။ သူတို့ ရွာ လူကြီးက သိပ်ကိုတော်တာပဲ့။ လို့ ရွာသားတွေ စိတ်ထဲမှာ တစ်ခြားရွာတွေကို အထင်ကြီးလိုက်တာလွန်ပါရော။ အထင်ကြီးတယ်ဆိုတဲ့ စကားလုံးဟာ ရုတ်တရက်ဆိုရင် အရေး မကြီးဘူးလို့ ထင်ရတယ်။ ဒါပေမယ့် သေသေချာချာတွေးရင်တော့ ဘာကို အထင်ကြီးတာလဲ။ အထင်ကြီးလိုက်တာနဲ့ တပြိုင်နက် ကိုယ့် ကိုယ်တိုင်ဟာ နိုမ့်ကျသွားပြီဆိုတာပါပဲ့။ နိုမ့်ကျတယ်လို့ တွေးလိုက် တာနဲ့ ကို သိမ်ငယ်စိတ်က ၀င်လာရော။ သိမ်ငယ်စိတ်ဝင်လာတာနဲ့  အမျှ မှီခိုချင်လာရော။ သူတို့ လုပ်သလို ငါမလုပ်နိုင်ပါဘူးလေ။ သူတို့  တတ်နိုင်သလို ငါမတတ်နိုင်ပါဘူးလေ။ သူတို့ တွေးသလို ငါမတွေး နိုင်ပါဘူးလေ ဆိုတဲ့ အတွေးတွေက စိတ်ထဲမှာ အမြဲ ရှိနေတော့ တာပဲ့။ သာနေရတာလဲ။ သူတို့ လုပ်နိုင်တဲ့ အားကိုတော့ လေ့လာရမယ်။ သူတို့  လို ငါတို့ ရောမလုပ်နိုင်ဘူးလား။ သူတို့ လို ငါတို့ က ဘာဖြစ်လို့ မလုပ်နိုင် ရမှာလဲ ဆိုတဲ့ အတွေးတွေ ၀င်လာရမှာ။ အခုဟာက တခြားရွာက ကိုယ့် ရွာထက် ပိုပြီးတော်တယ်တွေး။ ဇွတ်အထင်ကြီး။ ကိုယ်ရွာမှာတော့ ကိုယ် တိုင်မလုပ်ချင်။ အားမထုတ်ချင်။ ကိုယ်အထင်ကြီးတဲ့ ရွာက လာလုပ်ပေး မှာကို မျှော်လင့်နေတယ်၊ တမ်းတနေတယ် ဆိုတော့မဖြစ်သင့်ပါဘူးလေ။ တခြားရွာကလူလည်း လူသားတွေပဲ၊ ကိုယ့်ရွာကလူလည်းလူသားတွေပဲ။ သူတို့ က ကိုယ်တို့် ထက်ပိုပြီးတွေးနိုင်လို့ ၊ ပိုပြီးလုပ်နိုင်လို့  ကိုယ်တို့ ထက် ကျော်သွားနေတယ်၊သာသွားတယ် ဆိုတာကို အရေးကြီးဆုံးသိရမှာ။ (ဇွတ်အထင်ကြီးဖို့ မလိုပါဘူး။) ကိုယ်တို့ ကိုယ်တိုင်က ကိုယ်တို့ ကိုယ်တိုင် တတ်နိုင်တဲ့ ဘက်က စည်းကမ်းတကျ အားကုန်လုပ်ဆောင်ရမှာ။ အသိပေး ရမှာ။ အခုချက်ခြင်းလုပ် အခုချက်ခြင်းရလဒ်တစ်ခုကို မရပေမဲ့ ကိုယ်တို့ ရဲ့ နောက်မျိုးဆက်တွေအတွက်၊ နောက်မျိုးဆက်တွေလက်ထက် ဆိုတဲ့ အတွေး တွေရှိနေရမှာ။ ကိုယ်တို့ ရဲ့ နောက်မျိုးဆက်တွေက ဆက်လက်လုပ်ဆောင် လိုတဲ့စိတ်တွေ၊ ပိုပြီးတွေးနိုင်လာတဲ့စိတ်တွေ၊ ပိုပြီးလုပ်နိုင်လာတဲ့စိတ်တွေ ရှိလာရမယ် ဆိုတာ ယုံကြည်ချက်တွေနဲ့ အတူပေါ့။ ဘာမှမလုပ်ဘဲ ဇွတ် အထင်ကြီးပြီး မျှော်နေရင်တော့ အခုထက်ပိုပြီး နောက်မျိုးဆက် ပိုဆိုးလာ၊ ပိုဆိုးရင်း ပိုဆိုးရင်းနဲ့ …………………………………………..။ အတွေးတွေပိတ်၊ အမြင်တွေကန်းပြီး မျှော်နေတဲ့ ရွာဖြစ်သွားလိမ့်မယ်။ ဒီလိုဆိုရင် သူများရွာတွေရဲ့ အလုပ်ခွင်တွေမှာ သူများမလုပ်ချင်တဲ့ အလုပ် တွေချည်းလုပ်ရလိမ့်မယ်။ ကိုယ်တို့ ရဲ့ပျော်ရွှင်ခြင်းအားလပ်ချိန်တွေဟာ အလုပ်ခွင်ထဲရောက်သွားပြီး သူတို့ ကတော့ ကိုယ်တို့ ရဲ့ အားလပ်ချိန်တွေ မှာ………………………………………………………။ အထင်ကြီးတာတွေကို လျော့ ချလိုက်ပါ။ ကိုယ်တို့ ရဲ့ နောက်မျိုးဆက်တွေ အတွက် ဆိုတာ အတွေးဝင်လိုက်စမ်းပါ။ ကြည်နူးခြင်း၊ သောကရောက်ခြင်းဆိုတာ ကိုယ်တို့ ရဲ့ လက်ထဲမှာပဲရှိတယ်။ ရွာသားတို့ ရေ…....?
ခံစား၊ ဝေမျှ၊ တင်ပြသူက မင်းရဲရှင် at 9:50 AM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် စတင်ခြင်း, မင်းရဲရှင်