အေးလေ..ဘာလိုလိုနဲ့  ၂၀၁၁ ဆိုတဲ့ နှစ်သစ်အတွင်းဝင်တော့မှာပါလား… လို့ တွေးရင်းနဲ့  …သြော်….သူငယ်ချင်းတွေဆီ စာပို့ ဦးမှပဲ့ … Hello….. သူငယ်ချင်း…. နေကောင်းတယ်ဟုတ်…မွေးရပ်မှာ ဘယ်လိုမျိုးလဲ လို့ နင်ရဲ့ ခံစားချက်တွေကို သိချင်တယ်ကွာ…ဒါပေမယ့် နင်က ပြောချင်မှာမဟုတ်ဘူးလို့ လည်း သိတယ်။ သူငယ်ချင်း…. တော့ ငါလည်းကျောင်းပြီးကတည်းကနေ နင်တို့ နဲ့ ဝေးနေလိုက်တာ အခုဆို ၂၀၁၁ကိုတောင်ရောက်တော့မယ်… သူငယ်ချင်း… ၂၀၁၁ ဆိုတဲ့ နှစ်သစ်အတွင်းဘယ်လိုရှင်သန်ကြမလဲ။။။။ ငါ့မှာတော့ အတွေးတွေရှိနေတယ်…နင်ရော…ဘယ်လိုတွေးထား တာတုန်း…ငါ့အတွက်တော့ လုပ်စရာတွေလည်းရှိတယ်….သယ်စရာတွေလည်း ရှိတယ်…လွင့်ပစ်စရာတွေလည်းရှိတယ်… သူငယ်ချင်း… လုပ်စရာဆိုတာက …ငါ့ရဲ့ အတွေးတွေကို အကောင်အထည်ဖော်ဖို့ …. သယ်စရာဆိုတာက…ငါ့ရဲ့ ကောင်းတဲ့ စိတ်ထားလေးတွေကိုပေါ့…. လွင့်ပစ်စရာဆိုတာက..ငါ့ရဲ့ မကောင်းတဲ့ စိတ်ထားလေးတွေကိုပေါ့…. သူငယ်ချင်း… နင်ရော ငါ့လိုပဲ့ လား။။။။။ ငါဒီစာကို မရေးခင်ကပေါ့…”နှစ်သစ်ကိုရောက်တော့မယ်…မင်းက ဒီအတိုင်းပဲ့လား” ဆိုတဲ့  အတွေးကောင်ကြီးနဲ့ တိုက်မိတယ်လေ။ ဒါကြောင့်နှစ်သစ်ရောက်တော့မှာလားဆိုတာတွေးမိပြီး နှစ်ဟောင်းထဲက အမှိုက်တွေကိုလှည်းကျင်း…လိုအပ်မှု အချို့ ကိုပြန်ပြင်ဆင်ရင်း နှစ်သစ်အတွင်းဝင်ဖို့ ပြင်ဆင်နေတုန်း ချောင်ထဲ ရောက်နေတဲ့ ခံစားမှုတွေ၊ ဝေေ၀၀ါးဝါးဖြစ်နေတဲ့ ပုံရိပ်တွေကိုပြန်တွေ့ မိတယ်။ သူငယ်ချင်း….. ၀မ်းလည်းသာတယ်….၀မ်းလည်းနည်းမိတယ်။ ငါကိုယ်တိုင်လုပ်ခဲ့ တဲ့ အလုပ်တွေကိုပြန်တွေ့ တယ်။ နင်တို့ ပို့ ထားတဲ့  ဓါတ်ပုံတွေ၊ ဖုန်းခေါ်ခဲ့ တဲ့ အချိန်တွေ၊ နင်တို့ ကိုယ်တိုင်ရေးထားတဲ့  လက်ရေးနဲ့ စာတွေ၊ လွမ်းတယ်ဆိုတဲ့ အကြောင်း၊ ဝေးနေပေမယ့် သူငယ်ချင်းတွေအကြား ငါနာမယ်အမြဲပါနေတယ်ဆိုတဲ့အကြာင်း၊ ကိုယ်တိုင်လုပ် လုပ်အားနဲ့ စေတနာပေါင်းပြီး ကုသိုလ်တွေအကြောင်း၊ အတင်းအဖျင်းတွေအကြောင်း၊ အကြောင်းတွေ အများကြီးကို ပြန်တွေ့  ရင်း နင်တို့ ရဲ့ ခင်မင်မှုတွေ၊ ရင်းနှီးမှုတွေကို ပိုပြီး သတိရလာတယ်ကွာ.. ငါ့ ကြောင့် နင်တို့ ရဲ့ ခံစားမှုအချို့ ကိုလည်း ပြန်တွေ့ လိုက်ရတယ်။ ငါ့ကိုခွင့်လွတ်ပါလို့ တောင်းပန်တယ်ဟာ။။။။ သူငယ်ချင်း …. စာဖတ်ရင်းပျင်းနေပြီလား….ငါလေ..၂၀၁၀ ကုန်ခါနည်းမှာ လက်ဆောင်တစ်ခု ရလိုက်တယ်…နင်စိတ်ဝင်စားမလားမသိဘူး..နင်စာဖတ်ရတာပျင်းနေလည်း ငါတော့ပြောရဦးမယ်…အိုကေတယ်မဟုတ်လား.. သူငယ်ချင်း….. နင်လည်းသိတဲ့ အတိုင်းပဲ့ ငါက အနာဂတ်အတွက် အစီအစဉ်တွေဆွဲတတ် တာလေ..ဆွဲသာဆွဲတယ်..တိကျမှုမရှိ၊ ရေရာမှုမရှိဘူးလေ။။ဒါက ငါ့စရိုက်။ ပြီးတော့ အစကတော့ စိတ်တက်ကြွလိုက်တာ..နောက်ကြာလာတော့ ဒုန်ရင်း ဒုန်ရင်း ပြန်ဆိုက်လာတယ်လေ။ ပြောမယ်ဆိုရင် လုံ့ လ မရှိဘူးပေါ့။ နင်ငါ့ကို အမြဲပြောတယ်လေ။ ငါ့လုံ့ လက ကောက်ရိုးမီးလိုပဲ့..ဟုတ်းခနဲ ထတောက်ပြီး၊ ငြိမ်းမြန်တယ်ဆိုတာလေ.။။ပြီးတော့ ၀ါးဘိုးဝါးပင်လိုပဲ့လို့ လည်းပြောသေးတယ်။ အစလုပ်ရင်တော့ ဟုတ်တုတ်တုတ်..နောက်ပိုင်း ရှူးသွားရောဆိုတာလေ။ ငါလည်း ၂၀၁၀ အတွင်း မှာနင်ပြောသလိုပဲ့ရှိနေတုန်း။ ဆန္ဒတစ်ခုကိုအကြာကြီး ဆုပ်ကိုင်ထားဖို့ ကို ငါနည်းလမ်းတွေရှာဖွေနေခဲ့တယ်။အဓိကကတော့စိတ်ဓါတ် ပဲ့ဆိုတာတော့သိတာပေါ့။ ဒါပေမယ့် စိတ်ဓါတ်ကို ခိုင်မြဲနေအောင်၊ ဇွဲကောင်းအောင် ဘယ်လို ကျင့်ရမလဲ ဆိုတာ ငါမသိဘူးကွ။ သြော်…ငါကလည်း နင်သိပြီးသား အသုံးမကျတဲ့ ငါ့အကြောင်းတွေကို ပြောပြ နေပြန်ပြီ….မျက်နှာတော့မမှည့်နေနဲ့ ဦး…ရယ်လည်းမရယ်နေနဲ့ ဦးကွ။ အခုတော့ ငါနည်းသိသွားပြီ..ကျင့်ဖို့ ပဲ့ လိုတော့တယ်…ဒီလိုကွ အစ်ကို တစ်ယောက် ကပြောပြတာ…့ အခုနှစ်သစ်ကနေ စရမယ်လေ။ ဘယ်လိုလဲဆိုတော့ အက္ခရာလေးလုံးနဲ့ သွားရမှာ….SMART တဲ့… S=specific M=measurable A=attainable R=relevant T=time-boond…ဒီအတိုင်းသွားရမယ်။ ဥပမာကွာ…နှစ်သစ်မှာ ငါတို့ ဘာလုပ်ကြမလဲ….တစ်ခုခုတော့ လုပ်ကြရလိမ့်မယ်..ဥပမာ..ငါနေ့ တိုင်း ဘုရားရှိခိုးမယ်ဆိုရင် နေ့ တိုင်းဘုရားရှိခိုး မယ် ဆိုတဲ့ အကြောင်း ကို ငါ့အိမ်သားတွေကို အသိပေးပြီးလုပ်ရမှာ။ ဘာဖြစ်လို့ လည်းဆိုတော့ ကိုယ်ဟာကိုယ်တစ်ကိုယ်တည်းအသိပေး၊ ကိုယ်ဟာကိုယ်ပဲ့ သိပြီး အဓိဌါန်လုပ်ထားတယ်ဆိုရင် အဓိဌါန်ကျိုးဖို့ ပိုပြီးလွယ်တယ် လေ။ဒါကြောင့် သူငယ်ချင်းတွေကို ငါဒါလုပ်မယ်ဆိုပြီးအသိပေးပြီးလုပ်မယ်ကွာ။ ဒါမှလည်း ငါမလုပ်ချင်တဲ့ အချိန်၊ပျင်းနေတဲ့ အချိန်ဆို ငါအသိပေးထားတဲ့ သူတွေ ငါ့ကိုစောင့်ကြည့်နေမှာပဲ့ ..ဆိုပြီးအတွေးဝင်လာမယ်လေ…ဒါဆို လုပ်ဖြစ်ပြီပေါ့။ ငါမလုပ်ရင်..”ကတိမတည်တဲ့ လူ၊ လူပျော့၊ ပြောတော့တစ်မျိုး၊ မလုပ်လည်းမလုပ် နိုင်ဘဲနဲ့ ငါတို့ ကို လာပြောသေး အာလကား လူ “ဆိုတာမျိုး ပြောခံထိမှာကွ။ သူငယ်ချင်း…. ဘယ်လိုလဲ ငါပြောပြတာ ရှင်းပါတယ်နော်။ ငါမှာတော့ “လုပ်ဖို့ အစီအစဉ်တွေ၊ ဘာတွေ ညာတွေမရှိဘူး၊ စိတ်လည်းမ၀င်စားဘူးလို့ မပြောနဲ့ ကွာ။” ဥပမာကွာ…လာမယ့် နှစ်သစ်အတွင်း ငါ့ ရဲ့ သွားပွတ်တံကို သုံးလတစ်ကြိမ်လှဲမယ်ကွာ၊ ဆိုတာမျိုးပေါ့၊တစ်ရက်ကို ပိုက်ဆံ တစ်ကျပ်လှူမယ၊် စုမယ် ဆိုတာမျိုး၊ တစ်နေ့ ကို ဆေးလိပ်တစ်လိပ် ပဲ့ သောက်တော့မယ်ဆိုတာမျိုး၊ မင်းဆေးလိပ်သောက်နေလို့ ပြောတာ၊ ဖြတ်ဖို့ ကွ၊။ အိုကေတယ်မဟုတ်လား။ ဒီလိုဆိုရင် လုပ်စရာတွေ၊ သယ်စရာတွေ၊ လွင့်ပစ်သင့်တဲ့ အရာတွေ ပေါ်လာမယ်ထင်ပါတယ်။ ဒါမှလည်းငါတို့် ရဲ့ ပျင်းနေတဲ့  စိတ်တွေကို တွန်းလှန်နိုင်မှာပေါ့ကွာ။ နောက်ဆို ဇွဲပါကောင်းလာမယ်၊ အသေးအမွှား ကအစ ကြီးကျယ်တဲ့ အလုပ်တွေကို လုပ်ကိုင်လာနိုင်ရမယ်ပေါ့ကွာ။ သူငယ်ချင်း… ဒါပေမယ့် သတိထားရမှာက လုပ်တော့မယ်ဆိုရင်ပေါ့။ ဘာလုပ်မလဲဆိုတာ အရင်စဉ်းစားတော့မယ်။ ဒီလို စဉ်းစားရင်လည်း အက္ခာလေးလုံးအတိုင်းစဉ်းစား ရမှာကွ၊ နင်လုပ်မယ့်အရာက S=တိကျမှုရှိရမယ်၊ M=အချိန်အတိုင်းအတာအတွင်း လည်းဖြစ်ရမယ်၊ A=ရယူနိုင်စွမ်းသည့်အရာလည်းဖြစ်ရမယ်၊ R=ဦးတည်ချက်နဲ့ သက် ဆိုင်မှု၊ဆက်စပ်မှုနဲ့ လည်းရှိရမယ်၊ T=တိကျတဲ့အချိန်ကန့် သတ်ချက်လည်းရှိရမယ်လေ။ သူငယ်ချင်း…. ဘယ်လိုလဲ…နားလည်တယ်မဟုတ်လား။ နင်လုပ်မယ့် အရာက ဥပမာ ငါ နှစ်သစ်အတွင်းမှာ အင်္ဂလိပ်စာကို အရမ်းတော်အောင်လုပ်တော့မယ်ဆိုရင်တော့ မဟုတ်သေးဘူး။ ဘာဖြစ်လို့  လည်းဆိုတော့ နှစ်သစ်အတွင်းဆိုတာ အကျယ်ကြီး၊ ပြီးတော့ တိကျမှုလည်းမရှိ၊ ဘယ်နေ့  လည်းဆိုတဲ့ အချိန်အတိုင်းအတာလည်းမရှိ၊ ပြီးတော့ လေ့လာတယ်ဆိုတာက နယ်အကျယ် ကြီးဆိုတော့ ဘာကိုလေ့လာရမယ်၊ ဘာတွေရမယ်ဆိုတာလည်းသေချာမှုမရှိ၊ တိကျတဲ့  ပန်းတိုင်ကလည်းေ၀၀ါးဝါးဖြစ်နေရင်တော့ ၊ အလုပ်မဖြစ်ဘူးလို့ ထင်တယ်။ ဒီလိုဆိုရင် နင်လုပ်တာက ရောရောင်လုပ်နေတာပဲ့ ၊ အချိန်ကုန်လူပန်း၊ ဒုန်ရင်းဒုန်ရင်းပဲ့ဖြစ်နေမှာပေါ့၊ သူငယ်ချင်း… ဒီလိုဆိုရင် နားလည်မယ်ထင်တယ်ကွာ။ ဒါကတော့ ငါလုပ်မယ့် နှစ်သစ်အတွင်းမှာ နေထိုင်ရင်း လိုအပ်တာတွေကို တူဆွဖို့ ပုံသေနည်းပဲ့ ကွ။ ငါ့အတွက်ပြောတာ။ နင်လည်း အသုံးဝင်လိုဝင်ငြား ငါပြောပြတာပါ။ ပေါ့ပေါ့တော့မတွက်နဲ့ ကွာ။ ငါတန် ဖိုးထားတယ်ကွ။ ဘာဖြစ်လို့ လဲဆိုတော့ နှစ်သစ်ကူးလက်ဆောင်ဖြစ်နေလို့ ပဲ့။ စာလည်း အတော်ကိုရှည်သွားပြီ…..။ နင်လည်းပျင်းနေပြီထင်တယ်။ သီးခံပြီးဖတ်ပေးတဲ့ အတွက် ကျေးဇူးပဲ့ကွာ။ နှစ်သစ်မှာပျော်ရွှင်ပါစေ…လုပ်ချင်သော၊ ဖြစ်ချင်သော ဆန္ဒ များကိုအကောင် အထည်ဖော်နိုင်ပါစေလို့  ဆန္ဒပြုရင်း… ခင်မင်ရင်းနှီးလျက် အစားကြီးသလောက် စကားများပြီး တောသားလေး တစ်ယောက် ပေးတဲ့ နှစ်သက်ကူးလက်ဆောင် ပေါ့…. သတိရလျက်…. နင်ရဲ့ သူငယ်ချင်း ............................................................................
Tuesday, December 28, 2010
နှစ်သစ်အတွက် သူငယ်ချင်းသို့ လက်ဆောင်..
Thursday, December 23, 2010
ညီလေး
ခံစား၊ ဝေမျှ၊ တင်ပြသူက
မာရေးသျှင်
at
11:06 PM
0
comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင်
ကဗျာ့ ပန်းခင်း,
မာရေးသျှင်
ဒီဇင်ဘာ ၂၅ မှာ ခရစ်တော်အား မွေးဖွားခဲ့ပြီး
ဒီဇင်ဘာ ၂၄ မှာ (ငါတို့ရဲ့)အချစ်တော်လေး မွေးဖွားခဲ့တယ်။
ဒီကနေ့ဆို
ငါ့သမိုင်းရဲ့ အနက်ရှိုင်းဆုံးမေတ္တာတရား
စတင်ထွန်းကားလာတာ
နှစ်ပေါင်း(၂၈)နှစ်ကြာပြီ။
ငါတို့အိမ်ရဲ့ အထွေးဆုံးလေး
အဖေပေးတဲ့နာမည်က “ဧရာ”
ပညတ်သွားရာ ဓာတ်သက်ပါ
ငါတို့ပိုင်ဆိုင်သမျှအရာရာမှာ
မင်းဟာ
တကယ့်တကယ် အကြီးမားဆုံးရတနာပါ “အငယ်လေး”။
အထွေးဆုံးနဲ့ နို့ညှာတို့ရဲ့ အစဉ်အလာ
သဝန်တိုတယ်ဆိုတာ၊
တစ်အူထုံ့ဆင်းတွေရဲ့ အတူကြုံခြင်းဓမ္မတာ
ရန်ဖြစ်စကားများတယ်ဆိုတာ
မင်းနဲ့ငါမှာ မရှိခဲ့ဘူး ညီလေး။
တစ်နှစ်နဲ့သုံးလသာဆိုပေမယ့်
တစ်ဆယ်နဲ့သုံးနှစ်တာ အသက်ကွာတဲ့ညီအစ်ကိုပမာ
မင်းနဲ့ငါ ကြင်နာခဲ့။
အစ်ကိုနဲ့ညီကြား ရှာမှရှားတဲ့ ချစ်ခြင်းမေတ္တာတရား
မင်းနဲ့ငါကြားမှာ အမှန်တကယ်ထွန်းကားခဲ့တယ်။
ဟိုး ... လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅)နှစ်တာ
သီတင်းကျွတ်မီးထွန်းပွဲတော်တစ်ခုမှာ
ခွေးပိုင်ရှင်အဒေါ်ကြီးရဲ့ ရင်ခွင်တွင်းက ဇောက်ထိုးမြင်ကွင်း ...
“သူ့အစ်ကိုကိုလိုက်တဲ့ခွေးကိုဆဲရင်း
ခွေးပိုင်ရှင်တွေကို ပြစ်တင်ကြိမ်းမောင်းရင်း
တရှုပ်ရှုပ်ငိုနေတဲ့မင်း”
ဒါ ငါ့ဘဝရဲ့ ပထမဆုံးသောချစ်ခြင်းမြင်ကွင်းပါ ညီလေး။
“နဖူး(ယာ)အမာရွတ်ပါ”ဆိုတဲ့ မှတ်ပုံတင်ထဲကစာ
အဲဒီတုန်းက ရခဲ့တာဖြစ်သလို
ငါ့ဘဝရဲ့အထင်ရှားဆုံးအမှတ်အသား ချစ်ခြင်းမေတ္တာတရား
စတင်ထင်ရှားလာတာလည်း
အဲဒီတုန်းကပါပဲ ညီ။
တကယ်တော့
ချစ်ခြင်းမေတ္တာဆိုတာ
မင်းကြောင့်သာ တတ်မြောက်ခဲ့ရတဲ့ အနုပညာ။
မင်းကိုချစ်တဲ့ချစ်ခြင်းမေတ္တာနဲ့
ဒီကနေ့ ဒီနေရာမှာ
ငါရပ်တည်နေတာပါ ညီလေး။
ညီလေးရေ ငါ မင်းကို သိပ်ချစ်တယ်။..........။
မာရေးသျှင်
Christmas eve' 2009, 7PM
Thursday, December 16, 2010
ဒီဇင်ဘာလေး အစ်မဖွေးသို့ မွေးနေ့လက်ဆောင်ကဗျာများ
"စစ်တောင်းချင်းတွင်း မြစ်နှစ်စင်းလည်း
............... ၊ ....................
ရာသီအေးအေး ၊ နှင်းဖွေးဖွေးဝယ်
မွေးသည့်ရင်နှစ် ၊ သမီးချစ်သည်
ဖြစ်တည်ဘဝ ၊ မြင့်မားလှစေ
ဧမြငြိမ်းချမ်း ၊ နှင်းဆမ်းပန်းနှယ်
ဝင့်ထည်တောက်ကြွား ၊ များအကျိုးဆောင်
ရန်ပေါင်းအောင်လျက် ၊ အသက်ရာထောင် ရှည်ပါစေ။..........။
မေမေ(နဝဒေး)ဒီဇင်ဘာလေး အစ်မဖွေး
သူ့ဝန်းသူ့ကျင် အလှဆင်၏။" - မေမေ (န၀ဒေး)
မေမေပြောထား ထိုစကားမှ
ကိုးကားရေးဖွဲ့ မဖွေးအတွက်
မွေးနေ့လက်ဆောင်......
“နှင်းတွေကြားမှာ ၊ စီးဝင်ကာဆင်း
မြစ်ချင်းတွင်းလေး ၊ မနှင်းဖွေးလည်း
ရင်တွင်းအေးချမ်း ၊ အပြုံးပန်းနဲ့
ဝန်းကျင်လန်းအောင် ၊ သူစွမ်းဆောင်ရင်း
သာယာသန့်ရှင်း ၊ ဂုဏ်ပြိုင်ကင်းတဲ့
ပန်းခင်းလမ်းကို ၊ လျှောက်လှမ်းနိုင်စေ တောင်းဆုခြွေ။........။” မဖွေးသို့
ငယ်စဉ်တောင်ကျေး ၊ ကလေးဘ၀မှစ
မေမေကသင်တန်းတွေတက်တော့
ကျောင်းတစ်ဖက်နဲ့အစ်မ
အစ်မကြီးလိုတစ်မျိုး ၊ အမေလိုတစ်သွယ်
အငယ်တွေကိုအုပ်ချုပ်ကာ
အဖေရှာပေးတဲ့ဈေးဖိုး ၊ ဟင်းတစ်အိုးစာပဲရရ
လောက်ငှအောင်စီစဉ် ၊ ပျော်ရွှင်စေခဲ့တဲ့သူ။
“ငယ်လေးနော်” ဆိုတဲ့စကားနဲ့
အမှားတွေမလုပ်အောင် ၊ အမြဲအုပ်ချုပ်တတ်သူ။
တစ်နယ်တစ်ကျေးမှာ
ငယ်လေးအားငယ်မှာစိုးသတဲ့
ကျောင်းတက်ဖို့လိုက်ပို့ရင်း
သံယောဇဉ်ကြိုးတင်းတာကြောင့်
အိမ်ပြန်ခြင်းလမ်းနဲ့ဝေးကွာ
အနားမှာနေပေးခဲ့သူ။
......................သူ။
......................သူ။
......................သူ။
ဂုဏ်ရည်တူရှင်း ၊ ပြိုင်ဖက်ကင်းလှ
ချစ်အစ်မတွက်တာ
ဒီဇင်ဘာလေး ၊ နှင်းဖွေးဖွေးတွင်
မေးခိုက်ခိုက်တုန် ၊ ဆောင်ကိုခြုံကာ
မေတ္တာရှေ့ထား ၊ စကားတောင်းဆု
ကဗျာပြုလျက် ၊ လက်ဆောင်ဆက်သည်
နှစ်သက်တစ်ရာ ရှည်ကြာစေ။...........။
အောင်ပန်းဝေဆာ ခိုင်မာစေ။...........။အစ်မဖွေး
စာအုပ်ပုံကြားမှာ မွေးဖွားလာတဲ့
ငါတို့တစ်မိသားစုလုံး
စိတ်ကူးစံတွေနဲ့ နပန်းလုံးနေတုန်း
ပြုံးပြုံးလေးနဲ့ လက်တွေ့ကျသူ။
လူတကာရဲ့အကြံပေး၊ သူ့မောင်လေးကို
ပိဿလေးနဲ့ဘေးပစ်၊ ဆန်းစစ်ဖို့ ဝန်မလေးသူ။
လူအရာအထောင်ကို အုပ်ချုပ်နေတဲ့သူမောင်
ကြောင်ရင် ကြောင်တယ်၊ ယောင်ရင် ယောင်တယ်
မရှောင်မဖယ် ဗြောင်တွယ်တတ်သူ။
အစ်မဖွေး
သူ့ကိုသာ အရင်ဆုံးမမွေးခဲ့ရင်
ငါ မတွေးဝံ့ဘူး။
သူဟာ
ငါတို့ မိသားစုရဲ့ အခန်းကဏ္ဍမှာ
အချက်အချာကျကျ ဇာတ်နာခဲ့ရသူ။
(သူကတော့ ဒီလိုတွေးမှာမဟုတ်ဘူး။)
အစ်မဖွေး ...
၈၈ ကားလိပ်ကာအချ
ကျောင်းဆရာမအမေ နယ်မှာတာဝန်ကျရာက
မီးဖိုချောင်ဇာတ်ဝင်ခန်းစခဲ့ရသူ။
ဆန်အိုးထဲကို ဆန် အချိန်မှန်ရောက်ဖို့ကအစ
ဆန်အိုးထဲက ဆန် အချိန်တန်ယူချက်ဖို့အဆုံး
အားလုံးကိုတာဝန်ယူခဲ့သူ။
ငါတို့စားဖို့ ထမင်းတစ်စေ့အတွက်
သူ ဘယ်လိုကျားကွက်ရွှေ့ခဲ့ရသလဲ၊
ဟင်းအိုးထဲကို ဆီတစ်စက်ချဖို့
သူ ဘယ်လောက်တွက်ဆခဲ့ရသလဲ၊
သူကိုယ်တိုင်မှပဲ သိမယ်။
ပဉ္စမတန်းသင်ရိုးညွန်းတမ်းမှာမပါပေမယ့်
လူငါးယောက်စာအတွက် ကြက်ဥတစ်လုံး
ဆန်မှုန့်ဘယ်လောက်သုံးရမလဲဆိုတာ
သူအကျွမ်းကျင်ဆုံးသချာင်္။
အစ်မဖွေး ...
သူဟာ
သူ့မောင်လေးကို လွမ်းတဲ့အခါ
"I remember ပါ" လို့ရေးရှာတဲ့
သူ့ခေတ်သူ့အခါရဲ့ မဟာဘွဲ့ပိုင်ရှင်။
မှတစ်ပါး အခြားမရှိတဲ့
တက္ကသိုလ်ပညာရေးအတွက်
ဆယ်စုနှစ်တစ်ခုစာ ကျောင်းနေသက်ကြာခဲ့ရသူ။
စာမေးပွဲအမှတ်စာရင်းတွေနဲ့အချိုးကျ
လှပတဲ့ ဘဝကိုမရခဲ့သူ။
သူ့ကိုယ်ပေါ်က မွေးညင်းတစ်ပင်တိုင်းမှာ
သူ့ခေတ်ရဲ့သမိုင်းဟာ
နက်ရှိုင်းစွာအရိပ်ထင်နေသူ။
အစ်မဖွေး ...
အစ်မတို့ကို ပြဋ္ဌာန်းခဲ့တဲ့ခေတ်ကို
မောင်လေးတို့ အသစ်ရေးဆွဲမယ်ဆိုတဲ့စကား
မွေးနေ့လက်ဆောင်ပါးပါတယ်။................။
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 3:52 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
Tuesday, December 14, 2010
ကော်ဖီ ခါးခါးတစ်ခွက်...
ကျွန်နော် ကော်ဖီမကြိုက်ပါ။ ဒါကြောင့်သောက်လေ့ သောက် ထမရှိ။ သို့ သော် ကော်ဖီအရသာ ခံစားတတ်ခဲ့သည်။ ကျွန်နော့် မှာ အရွယ်တူသော၊ ကြီးသော၊ ငယ်သော သူငယ်ချင်းတွေရှိသည်။ သူတို့ သည် ကော်ဖီကြိုက်ကြသည်။ သူတို့ သည် ကျွန်နော့်ကို အမြဲ တမ်း ကော်ဖီတိုက်လေ့ရှိသည်။ သူတို့ သည် သူတို့ ထိုင် နေကြ ကော်ဖီ ဆိုင်လေးတွင် အမြဲတမ်း ထိုင်လေ့ရှိသည်။ ဖြစ်သည်။ သူတို့ ဆိုသည်မှာ ကျွန်နော် သူငယ်ချင်းများ။ ကော်ဖီ ပူနွေးနွေးကို ကြိုက်သူများသည် ပူနေတုန်း မော့သောက်ကြသည်။ တချို့ သည် အေးမှ ကုန်အောင်မော့သောက်ကြသည်။ တချို့ သည် ပူပူလေး သောက်ရင်း စကားလုံးတွေ စီကြသည်။ အတွေ့ အကြုံ တွေ ကို ခင်းပြကြသည်။ ရက်လုပ်ကြသည်။ ကော်ဖီအရသာကို ဘယ်လိုခံစားသလဲဟု ကျွန်နော်မေးဖြစ်ခဲ့ သည်။ သူတို့ က ရယ် လျက် တစ်ငုံသောက်ကြည့်လိုက်ပါတဲ့ ။ ကော်ဖီသည်။။။။။။။။။။။။။။။။။။။။။။။။။ ပေါ့သလိုလို ၊ ခါးသလိုလို၊ တူးနေသလိုလို၊ အရသာမရှိသလိုလို နဲ့  လျှာပေါ်မှ တဆင့် လည်ချောင်းထဲ စီးဆင်သွားလေသည်။ မနှစ်မြို့ စွာ မျက်နှာ ရှုံ့ မဲ့နေတုန်း အငယ်ဆုံးသူငယ်ချင်းလေး တစ်ယောက်က သူ၏ အတွေ့ အကြုံတစ်ခုကို ခင်းပြ လေသည်။ “ အစ်ကို တို့ ကျွန်နော် အခု ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ် နေတာ တစ်နှစ်ကျော် ရှိပြီတဲ့ ။ ဒါပေမယ့် အစ်ကို တို့် ရာ ကျွန်နော့် အပေါ်မှာ ကောင်းတဲ့ လူရော၊ ဆိုးတဲ့ လူရော ရှိတယ်။ ကောင်းတဲ့ လူဆို အလုပ်လုပ်ရတာ ပျော်ဖို့ ကောင်းတယ်။ ဘာ ဖြစ်လို့ လဲ ဆိုတော့ သူက ကျွန်နော့် အပေါ် အလိုလိုက်တယ်၊ နားလည်တယ်ဆိုတော့ သူဂျူတီဆိုရင် ကျွန်နော် အလုပ်မလုပ် လည်းရတယ်။ ကျွန်နော် လုပ်ချင်တာလုပ်လို့ လည်းရတယ်။ အလုပ်မလုပ်လည်းရတယ်။ တစ်ခုခု မှားရင်အပြစ်လည်းမတင် ဘူးဆိုတော့ နေချင်သလို နေလို့ ရတယ်။ လွတ်လပ်တယ်။ သူ့ ဂျူတီဆိုရင် သိပ်ပျော်တာပဲ့။ တဲ့……………… ဆိုးတဲ့ လူ ဂျူတီဆို ခေါင်းပူလိုက်တာ မပြောနဲ့ တော့။ တစ်ချိန်လုံးခိုင်းနေတာ။ ပါးစပ်က လည်း တစ်တွတ်တွတ်နဲ့  နားကိုငြီးနေတာပဲ့။ လုပ်ချင်စိတ်ကို မရှိဘူး။ သူ့ အလုပ်မဟုတ် ဘဲနဲ့ လည်း ဆရာလာလုပ်သေးတယ်။ အလုပ်တွေကိုလည်း မလုပ်ပဲ့ နဲ့ ကျွန်နော့်ကိုလာလုပ်ခိုင်းသေး။ ကျွန်နော် တော့ သူ့ ကို လုံးဝမကြိုက်ဘူး။ သူ့ ဂျူတီဆို အလုပ်လုပ်ရတာ မကောင်း ဘူး၊ ပြောလည်းပြော အလုပ်လည်း မနားတမ်း လုပ်ခိုင်းတယ် ဆို တော့ နားလည်းငြီး၊ ခေါင်းလည်း ပူထူနေတာပဲ့။ စိတ်ပင်ပန်း လိုက်တာ မပြောနဲ့ တော့ အစ်ကို တို့ ရာ။။။။။။။။။။။တဲ့ ……” ကော်ဖီတစ်ငုံသည် လည်းချောင်းအတွင်းသို့ စီးဝင်သွားပြီး နောက် လျှာပေါ်မှ ခံစားမှုသည် ချဉ်သလိုလို ၊ခါးသလိုလိုဖြစ်နေတုန်း အသက်ခပ်ကြီးကြီးသူငယ်ချင်းတစ်ယောက်က “ ဟ…ညီလေးရ…ညီလေး ခင်းပြသွားတဲ့  အတွေ့ အကြုံတွေက ကြမ်းလှချည်လား။ ဒါဆိုရင် ညီလေးက ညီလေးအပေါ် ကောင်းတဲ့လူကြီး၏ ဂျူတီအချိန်ဆို ပျော်တာပေါ့။ ညီလေး အပေါ်မကောင်းတဲ့ လူကြီး၏ ဂျူတီအချိန်ဆို စိတ်ညစ်တာပေါ့။ ညီလေး…ဟုတ်တယ်မဟုတ်လား ……ဟူ၍ မေးရင်းစကားလုံးတွေကို စီပေးလေသည်။။။။။..” ကျွန်နော် ကော်ဖီ တစ်ငုံ ထပ်ငုံလိုက်မိသည်။ ချဉ်သလိုလို၊ ခါးသလိုလို လျှာပေါ်မှ ကော်ဖီအရသာသည် ပူ၍တူးနေသော အရသာကြောင့် ပျောက်သွားပါလားဟု ဆန်းစစ်နေတုန်း။။။။။။။။။။။။။။။။ အသက်အကြီးဆုံး သူငယ်ချင်းတစ်ယောက်က ‘ အေး …ညီလေးတို့ ခင်းပြခဲ့တဲ့ အတွေ့ အကြုံတွေက ကြမ်းတယ် ဆိုတာ အစ်ကိုလည်းခံစားလို့ ရပါတယ်။ အတွေ့ အကြုံတွေ ချောဖို့ ဆိုတာက ညီလေး တို့ ကိုယ်တိုင် အတွေ့ အကြုံတွေ ရက်လုပ်တဲ့ နေရာမှာ စိတ်ထားလေးတွေ ထားတတ်ဖို့ လိုနေသေးတာပါပဲ့ လို့ …အစ်ကို ပြောချင်ပါတယ်။ ကော်ဖီတစ်ငုံသည် ဘယ်အချိန်က လည်ချောင်းထဲ စီးဝင် သွားသလဲမသိ။ လျှာပေါ်တွင် ချဉ်သလိုလို ၊ ငန်သလိုလို၊ ရေသောက်ချင်သလိုလို၊ ပေါ့သလိုလိုဖြစ်လာမှ လျှာကိုလိပ် အာခေါင်ကို ထိလိုက်ပြီး ပါးနှစ်ဖက်ပိန်သွားအောင် ညင်ညင်သာသာ လေး စုပ်လိုက်မိလေသည်။……အားပါးပါး…………. “ အစ်ကို ကြီးဆိုရင် အခု အစ်ကို ကြီးလုပ်နေတဲ့ ကုမ္ပဏီမှာ ပေါ့ ညီလေးခင်းပြသလို အတွေ့ အကြုံကြမ်းကြမ်းတွေ အများကြီးပဲ့တဲ့ ။ အစ်ကို ကြီးတို့ ကိုယ်တိုင် အတွေ့ အကြုံ တွေ ကိုရက်လုပ်တဲ့ အခါမှာတော့ အစ်ကို ကြီးတို့ အတွေးက ဒီလိုကွ “ ငါကြိုက်တဲ့ လူကြီးကို ချစ်ရင်၊ ကြိုက်ရင် လူကြီးကလည်း ငါ့အပေါ်ကို အလိုလိုက်ရင် ၊ ငါ့အပေါ်မှာလည်း ကောင်းရင် ဒီလူကြီး ဂျူတီအချိန်မှာ အခွင့်အရေးမယူဘူး။ ငါ့လူ ကြီး စိတ်ချမ်း သာဖို့ ငါကောင်းကောင်းနေပြရမယ်။ သူဂျူတီပြီးတဲ့ အထိ ငါ အကောင်းဆုံးလုပ်ဆောင်ပေးရမယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလူကြီးက ငါ့အပေါ်အရမ်းကောင်းတာကိုး။ ဒီနေရာမှာ ငါက သူများတွေနဲ့ မတူတော့ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ တချို့ က ဟာ…….ဒီလူကြီးဂျူတီကွ၊ ဘာမှမပြောတတ်ဘူး၊ အေးဆေးပဲ့၊ အလုပ်မလုပ်လည်းရတယ်။ အေးဆေးပဲ့ကွာ…တဲ့  ဒီနေရာမှာ ကွဲသွားတာက စိတ်ဓါတ်လေးတွေပါပဲ့။ ဒီလူကြီး ငါ့ အပေါ်မှာ အရမ်းကောင်းတယ်ဆိုတာသိတယ်။ လူကြီးစိတ်ချမ်းသာအောင် ၊ ငါ့အတွက်နဲ့ လူကြီး ခေါင်းမခဲရအောင် အစွမ်းကုန်ကြိုးစားလုပ်ဆောင်မယ်…ငါ့ရဲ့ လုပ် ဆောင်ချက်တွေနဲ့ ငါ့ကြိုက်တဲ့ လူကြီးကို ပိုပြီးဂုဏ်တက်စေရမယ် လို့ စိတ်ထားပြီးစေတနာပါပါလုပ်ဆောင်ပေးတယ်။ တစ်ချို့ ကတော့ ဒီလူကြီးငါ့အပေါ်မှာ အရမ်းအလိုလိုက်တယ်။ အရမ်းကောင်းတယ်ဆိုတာသိတယ်။ ဒါပေမယ့် သူက ဒီလူကြီးက ဘာမှလည်းမပြောတတ်ဘူး။ ငါလုပ်ချင်သလို လုပ်လို့  ရတယ်။နေလို့ လည်းရတယ်ဆိုပြီးတော့ လုပ်ဆောင်တော့တာပဲ့။ သူ့ စိတ်ထဲမှာ ဒီလိုလုပ်လိုက်လို့ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် လူကြီးကို ထိမယ်ဆိုတာသိတယ်။ ဒါပေမယ့် ဂရုမစိုက်ဘူး။ ဒါဟာ သူရဲ့စိတ်ထားကိုဖော်ပြနေတယ်။ ဂရုမစိုက်တဲ့ စိတ်ထား ဟာမကောင်းဘူး။ ဒါတင်ပဲ့လားဆိုတော့ မဟုတ်သေးဘူး။ သူရဲ့ဂရုမစိုက်တဲ့ စိတ်ထားကြောင့် ပြဿနာဖြစ်လာရင် သူက အရင်ပူပင်သောကရောက်မယ်။ ပြီးရင် လူကြီးလည်း ပူပင်သော ကရောက်ရလိမ့်မယ်။ ဒါကြောင့်လည်းမကောင်းဘူး။ ပြီးတော့ ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် လုပ်တဲ့ အလေ့အထဟာ အစကတည်းက ပေါ့ပေါ့တန်တန် လုပ်ရင်းနဲ့ နောက်ဆို တဖြည်း ဖြည်းပိုပိုပြီးပေါ့သွားရော။ တဖြည်းဖြည်း ပေါ့ရာကနေ အလုပ်ကို ကပျက်ကချော်လုပ်လာရော။ ကပျက်ကချော်ရာကနေ ဂရုမစိုက် တဲ့ စိတ်ထားတွေ ဖြစ်လာရော။ ဒီလိုနဲ့  နောက်ဆုံး အလေ့အထလို ဖြစ်သွားတာ နေချင်သလိုနေ၊ ပြောမှနာ၊ထိမှသိလူစားမျိုးဖြစ်လာတော့ တာပဲ့။ နောက်ဆို လုပ်တောင်မလုပ်တော့ဘူး။ ဒီလို ဖြစ်လာရတာက အခြားသူတွေကြောင့်လည်းမဟုတ်ဘူး။ အလုပ်ချပေးထားတဲ့ လူကြီးမကောင်းလို့ လည်းမဟုတ်ဘူး။ ကိုယ်တိုင်ကနေ ပေါ့ပေါ့တန်တန် လုပ်ရာကစ နောက်ဆုံး ပေါ့ပေါ့လာပြီး မဆိုင်သလိုလို၊ ဂရုမစိုက်တော့တာ။ လျှာပေါ်မှ ကော်ဖီသည် အေးအေးလေးနဲ့ ပိုပြီး ချိုလာသလိုလို၊ ခါးလာသလိုလို နဲ့ ………………. လူကြီးနာမယ်ကောင်းရအောင်လုပ်ပေးမယ်လို့ တွေးလိုက် ကတည်းက သူစိတ်က ငြိမ်အေးပြီးသား။ အကယ်၍ အလုပ် လုပ်နေတုန်း သူမကြိုက်တဲ့ လူကြီးရောက်လာရင်တောင်၊ လာခိုင်းရင်တောင် သူက အပြုံးမပျက်ဘူး။ အေအေးဆေးဆေးပဲ့။ လူကြီးက ကောင်းပါတယ်လို့ တွေးပြီးနေချင်သလိုနေတဲ့ သူက သူမကြိုက်တဲ့ လူကြီးရောက်လာရင် ၊ ခိုင်းလာခဲ့ရင် ပျာယာကို ခတ်ရော။ နဂိုက သက်သက်သာသာ နေချင်တယ်ဆိုပါမှ ဒီလူ ကြီးကလည်း သူအလုပ်သူမလုပ်ပဲနဲ့ လာခိုင်းနေသေးတယ်လို့  တွေးပြီး ပူလောင်တာတွေရော၊ မကျေနပ်တာတွေရော၊ ပူပင် တာတွေရော သူစိတ်က ပူကိုပူလောင်နေလေရောပဲ့။ ညီလေးတို့ ….စိတ်ပူပင်စွာနဲ့ အလုပ်လုပ်နေတဲ့  လူတစ်ယောက် ကို မင်းတို့ မြင်ကြည့်စမ်းပါဦးဦးကွာ….အခု အစ်ကို့ အတွေ့ အကြုံကို ခင်းပြတဲ့ နေရာမှာ အစ်ကို စီထားတဲ့ စကားလုံးတွေကိုတော့ ခံစားလို့ ရမယ်ထင်တယ်…. ကျွန်နော် မကြိုက်သော ကော်ဖီခါးခါးတစ်ခွက်သည် ငြိမ်သက် စွာ အေးစက်လျက်။ ကျွန်နော်သည်လည်း ကော်ဖီတစ်ငုံသောက် လိုက်၊ နားထောင်လိုက် ၊ခေါင်းညိမ့်လိုက်နဲ့ ၊ လျှာပေါ်မှ ချဉ်သလိုလို၊ ခါးသလိုလို၊ ချိုသလိုလို ၊ငန်သလိုလို ဖြစ်လာရင် လျှာကို လိပ်၊ အာခေါင်နဲ့ ထိပြီးစုပ်လိုက်နဲ့  ကော်ဖီခါးခါးသောက်တတ် ခြင်း၊ ဒါမှမဟုတ် ခံစားတတ်ခြင်းအရသာသည် ရေးရေးပေါ် လာတော့သည်။ အခုဆို ကျွန်နော် ကော်ဖီခါးခါးလေးကို ခံစားတတ်နေပြီ။ အရသာခံတတ်နေပြီ။ သို့ သော် ကျွန်နော် ကော်ဖီကိုတော့မကြိုက်ပါ။ ပူပူလေး တစ်ငုံစီသောက်ရင်း လျှာကိုစုပ်ရင်း ချဉ်သလိုလို၊ ခါးသလိုလိုအရသာလေးကို ခံစားရင်း….ကော်ဖီခါးခါးလေး တစ်ခွက်သည် …………………………………………………………… ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Saturday, December 11, 2010
ဥယျာဉ်မှူး
ရေလောင်းလိုက်
ပေါင်းသင်လိုက်
စိုက်သူကတစ်ယောက်။
မော့မော့ပန်
ကြော့ကြော့စံ
ပန်သူကားတစ်ယောက်။.........။
ဖေဖေ(နဝဒေး)
ဒီကဗျာလေးရဲ့သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း (၄၀)လောက်တော့ရှိပါလိမ့်မယ်။
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 4:59 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
Monday, December 6, 2010
မိုးအုပ်နေ၍ ကြယ်တွေတောင်မရှိ။ ပုရစ်အော်သံများကို နားထောင်လျက် အမည်မသိငှက်များ တွေဝေမှိန်းမောလျက်။ ဓနိမိုးထားသော တဲအိမ်တစ်လုံး၏အထဲ မှိန်ဖျော့ဖျော့ မီးရောင် နဲ့ အတူ လူသားနှစ်ဦး ။ အဖိုးအိုတစ်ဦး၊ အသက် နှစ်ဆယ်ကျော်ကျော် ကောင်လေးတစ်ယောက်။ အဖိုးအမြေး။ တဲအပြင်မှ လေရိုင်းတို့ သည် ဦးတည်ရာမဲ့တိုက်ခတ်နေတုန်း။ ကောင်လေးသည် အဖိုးအိုကို ပုံပြင်တစ်ပုဒ်ပြောပြဖို့ ပူဆာနေ လေသည်။
“ဟိုး……..ရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်း
လုပ်နေသတဲ့။ ဘုရင်ကြီးဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးကို စိတ်ဝင်
မစားပဲ သူ၏အာဏာတည်မြဲရေး၊ သူ့ မိသားစု ဆွေမျိုးတိုးတက်ကြီးပွား
ရေးကိုသာ လုပ်ဆောင်နေသတဲ့။ ဒါကြောင့်သူ့ တိုင်းပြည်ဟာ မွဲသထက်
မွဲလာပြီး သူ့ အသိုင်းအ၀ိုင်းသာ ချမ်းသာနေကြသတဲ့။ တိုင်းပြည်အတွင်း
မှာလည်း တရားဥပဒေစည်းမျဉ်းတွေ အပေါ်ကျော်လွန်ပြီး လာဘ်
ပေးလာဘ်ယူမှုတွေ၊ ကြီးနိုင်ငယ်ညှင်းမှုတွေ၊ သြဇာအာဏာတွေ
သာ လွမ်းမိုးနေသတဲ့။ ပြီးတော့ သဘာဝဘေးအန္တရာယ်တွေဖြစ်လာ
ရင်လည်းဘုရင်ကြီးက သိပ်ဂရုမစိုက်ပါဘူးသတဲ့။ လွတ်လပ်မှု၊တရား
မျှတမှုကိုလိုလားတဲ့သူတွေဟာ ဆန္ဒတွေထုတ်ဖော်ကြ၊ အခွင့်အရေး
တွေတောင်းဆိုကြသတဲ့။ ဒီလိုဖြစ်လာရင် ဘုရင်ကြီးဟာစစ်တပ်နဲ့ 
နိုမ်နှင်းပစ်လေ့ရှိသတဲ့။ ဒီလိုနဲ့ တိုင်းသူပြည်သားတွေဟာ ဘုရင်
ကြီးကိုမုန်းလာကြသတဲ့။ ဒါပေမဲ့ မုန်းသာမုန်းနေရတယ် ဘာမှမတတ်
နိုင်ကြဘူးတဲ့။ ဘုရင်ကြီးဟာ သူသဘောသူလုပ်၊ တိုင်းသူပြည်သား
တွေဟာ မွဲသထက်မွဲလာဆိုတော့ ပုန်ကန်မှုတွေ ဖြစ်လာပါရောတဲ့။
ဒီလိုဖြစ်လာရင်လည်းဘုရင်ကြီးဟာ ရက်ရက်စက်စက် စစ်တပ်အားကိုး
နဲ့ တိုက်ခိုက်နိုမ်နှင်းလေ့ရှိသတဲ့။
ဒီလိုဖြစ်ပျက်နေတဲ့ အချိန်တွင်းမှာပဲ့ တိုင်းပြည်အတွင်း၌ အထူး
လူသိများကျော်ကြားသော ဖြောင့်မတ်မှန်ကန်သည့် သူငယ်ချင်းနှစ်
ဦးရှိနေသတဲ့။ မောင်ဖြူနဲ့မောင်နီလို့ ခေါ်သတဲ့။ မောင်ဖြူဟာ
တိုင်းပြည်အတွင်း တရားဥပဒေ စိုးမိုးရေး၊ လူတိုင်းသာတူညီမျှအခွင့်
အရေးရရေး၊ ပြည်သူပြည်သားတိုင်း ဆင်းရဲခြင်းမှလွတ်ကင်းရေး
ဆိုသည့်အချက်တွေကို ဟောပြောလျက် ပြည်သူလူထုကို စည်းရုံး
ဟောပြော၍ ဘုရင်ကြီးဆီ ငြိမ်းချမ်းစွာ ဆန္ဒပြ အခွင့်အရေးတွေ
တောင်းဆိုနေသတဲ့။ မောင်နီကား ဘုရင်ကြီး အပိုင်စားပေးထား
သော ရွာကြီးတစ်ရွာ၌ ရွာသူကြီးဖြစ်နေသတဲ့။ ရွာသူကြီးဆိုသည့်
ဂုဏ်ပုဒ်နဲ့ အညီ ဘုရင်ကြီးပေးထားသည့်အာဏာကို အသုံးချပြီး
သူ၏ရပ်ရွာကောင်းကျိုး၊ပြည်သူလူထုအကျိုးကို စွမ်းစွမ်းတမံ
အားထုတ်လုပ်ဆောင်ပေးနေသတဲ့။ မောင်ဖြူရဲ့ လုပ်ဆောင်မှုတွေ
ကိုလည်းဘုရင်ကြီးမသိအောင် ထောက်ပံ့ပေးနေသတဲ့။ ဒီလိုနဲ့ 
မောင်ဖြူနဲ့ မောင်နီဟာ လူထု၏အနာဂတ်အတွက် မရှိမဖြစ်
သားကောင်းတွေဖြစ်နေသတဲ့။
တနေ့ တော့ …ဘုရင်ကြီးသည် မောင်နီ၏ အိမ်သို့ သူ၏
စစ်တပ်နဲ့ အတူ ရောက်ရှိလာသတဲ့ ။ ပြီးတော့ မောင်နီကို
တာဝန်တစ်ခုပေးသတဲ့ ။
အဖိုးအိုသည် ငြိမ်သက်စွာနားထောင်နေသော ကောင်လေး
ကို အကဲခတ်ကြည့်လိုက်လေ၏။ ကောင်လေး၏နဘေးမှ
ရေနွေးကြမ်းအိုးလေးသည် ကောင်လေးနဲ့ အတူ ငြိမ်သက်လျက်။
အဖိုးအိုသည် ဆက်ပြောလေသည်။
ဘုရင်ကြီးက မောင်နီကို ……….မေးသတဲ့။
ဘုရင်ကြီး= မောင်မင်း မောင်နီ မင်းဟာ ငါကျွေးတဲ့ ထမင်းကို
စားနေရတဲ့ သူမဟုတ်လား။
မောင်နီ = ဟုတ်ပါတယ်အရှင်။
ဘုရင်ကြီး = မောင်နီ မင်းဟာ ငါချီးမြှောက်ထားတဲ့ ရွာသူကြီး
မဟုတ်လား။
မောင်နီ =ဟုတ်ပါတယ်အရှင်။
ဘုရင်ကြီး =ဒါဆိုငါပေးသည့်တာဝန်ကို ကျေပွန်အောင်ထမ်း
ဆောင်ရမည်မဟုတ်လား။
မောင်နီ = ထမ်းဆောင်ပါမည်အရှင်။ အမိန့် ရှိပါ။
ဘုရင်ကြီး = မင်းသူငယ်ချင်း မောင်ဖြူရဲ့ ခေါင်းကိုငါလိုချင်သည်။
မင်းသတ်ပေးရမည်။ အကယ်၍ ငါပေးသည့်တာဝန်ကို
မင်းကျေပွန်အောင် မထမ်းရွက်နိုင်ခဲ့လျင် ပထမဦးစွာမင်း
မိသားစုနဲ့ တစ်ကွ မင်းရဲ့ ဆွေခုနှစ်ဆင့်၊ မျိုးခုနှစ်ဆင့်ကို မင်း
ရှေ့ မှာတင် သတ်ရလိမ့်မယ်။ ပြီးတော့မင်းရဲ့ ရွာသူရွာသားနဲ့ 
တကွ မင်းရွာကြီးကိုပါ မီးလောင်တိုက်သွင်းရလိမ့်မယ်
လို့ ဆိုသတဲ့။ မောင်ဖြူသည် လူထု၏ခေါင်းဆောင်၊ လူထု၏အနာ
ဂတ်ကို ဦးဆောင်လမ်းပြပေးနေသူ၊ ပုံဖော်ပေးဖို့ ကြိုးစားနေသူ။
မောင်နီသည် မောင်ဖြူကို ထောက်ပံ့နေသူ။ သူတို့ နှစ်ယောက်
စလုံးသည် ညီမျှနေသောချိန်ခွင်တစ်ခု။ သူတို့ နှစ်ယောက်စလုံးသည်
အမှန်တရားကို ချစ်မြတ်နိုးသူ။
“ကဲ…ဘယ်လိုလဲ………..ကောင်လေး………”
အဖိုးအိုသည် ကောင်လေးကို မေးလေ၏။
“ မောင်ဖြူကို မင်းသတ်ခဲ့မယ်ဆိုရင် မင်းဟာ လူထု၏ ရန်သူ
ဖြစ်ရလိမ့်မယ်။ လူထု၏အနာဂတ်ကို ဖရိုဖရဲဖြစ်အောင်လုပ်သူ
ဖြစ်လိမ့်မယ်။ လူထု၏ ပယ်ခြင်းကို ခံရလိမ့်မယ်။
မင်းဟာ မောင်နီကို မသတ်ဘူးဆိုရင်လည်း ပထမ မင်းရဲ့
မိသားစုနဲ့ အတူ ဆွေခုနှစ်ဆင့်မျိုးခုနှစ်ဆင့်ကို မင်းရှေ့ မှာ
သတ်တာကိုမြင်ရလိမ့်မယ်။ ပြီးတော့ တစ်ရွာလုံးမီးလောင်
တိုက်သွင်းတာကို မြင်ရမယ်။ ပြီးနောက်မင်းလည်းသေရမယ်။
ကဲ….ကောင်လေး…ဘယ်လိုလဲ…….
ထမင်းတစ်လုပ်နဲ့အမှန်တရားဆိုတဲ့ ဂုဏ်ကိုလှဲမလား။
ဒါမှမဟုတ်…..ထမင်းတစ်လုပ်ကိုယူမလား။
ဒါမှမဟုတ်…အမှန်တရားဆိုတဲ့ ဂုဏ်ကို ယူမလား။
ကောင်လေး…..
အဖြေပေးဦး……….”
???????????????????????????????????????
////////////////////////////////////////////////
Saturday, December 4, 2010
အစ်မဖွေး
စာအုပ်ပုံကြားမှာ မွေးဖွားလာတဲ့
ငါတို့တစ်မိသားစုလုံး
စိတ်ကူးစံတွေနဲ့ နပန်းလုံးနေတုန်း
ပြုံးပြုံးလေးနဲ့ လက်တွေ့ကျသူ။
လူတကာရဲ့အကြံပေး၊ သူ့မောင်လေးကို
ပိဿလေးနဲ့ဘေးပစ်၊ ဆန်းစစ်ဖို့ ဝန်မလေးသူ။
လူအရာအထောင်ကို ဦးဆောင်နေတဲ့သူ့မောင်
ကြောင်ရင် ကြောင်တယ်၊ ယောင်ရင် ယောင်တယ်
မရှောင်မဖယ် ဗြောင်တွယ်တတ်သူ။
သူ့ကိုသာ အရင်ဆုံးမမွေးခဲ့ရင်
ငါ မတွေးဝံ့ဘူး။
သူဟာ
ငါတို့ မိသားစုရဲ့ အခန်းကဏ္ဍမှာ
အချက်အချာကျကျ ဇာတ်နာခဲ့ရသူ။
(သူကတော့ ဒီလိုတွေးမှာမဟုတ်ဘူး။)
၈၈ ကားလိပ်ကာအချ
ကျောင်းဆရာမအမေ နယ်မှာတာဝန်ကျရာက
မီးဖိုချောင်ဇာတ်ဝင်ခန်းစခဲ့ရသူ။
ဆန်အိုးထဲကို ဆန် အချိန်မှန်ရောက်ဖို့ကအစ
ဆန်အိုးထဲက ဆန် အချိန်တန်ယူချက်ဖို့အဆုံး
အားလုံးကိုတာဝန်ယူခဲ့သူ။
ငါတို့စားဖို့ ထမင်းတစ်စေ့အတွက်
သူ ဘယ်လိုကျားကွက်ရွှေ့ခဲ့ရသလဲ၊
ဟင်းအိုးထဲကို ဆီတစ်စက်ချဖို့
သူ ဘယ်လောက်တွက်ဆခဲ့ရသလဲ၊
သူကိုယ်တိုင်မှပဲ သိမယ်။
ပဉ္စမတန်းသင်ရိုးညွန်းတမ်းမှာမပါပေမယ့်
လူငါးယောက်စာအတွက် ကြက်ဥတစ်လုံး
ဆန်မှုန့်ဘယ်လောက်သုံးရမလဲဆိုတာ
သူအကျွမ်းကျင်ဆုံးသချာင်္။
သူဟာ
သူ့မောင်လေးကို လွမ်းတဲ့အခါ
"I remember ပါ" လို့ရေးရှာတဲ့
သူ့ခေတ်သူ့အခါရဲ့ မဟာဘွဲ့ပိုင်ရှင်။
မှတစ်ပါး အခြားမရှိတဲ့
တက္ကသိုလ်ပညာရေးအတွက်
ဆယ်စုနှစ်တစ်ခုစာ ကျောင်းနေသက်ကြာခဲ့ရသူ။
စာမေးပွဲအမှတ်စာရင်းတွေနဲ့အချိုးကျ
လှပတဲ့ ဘဝကိုမရခဲ့သူ။
သူ့ကိုယ်ပေါ်က မွေးညင်းတစ်ပင်တိုင်းမှာ
သူ့ခေတ်ရဲ့သမိုင်းဟာ
နက်ရှိုင်းစွာအရိပ်ထင်နေသူ။
အစ်မတို့ကို ပြဋ္ဌာန်းခဲ့တဲ့ခေတ်ကို
မောင်လေးတို့ အသစ်ရေးဆွဲမယ်ဆိုတဲ့စကား
မွေးနေ့လက်ဆောင်ပါးပါတယ်။................။
မာရေးသျှင်
(၄၊ ၁၂၊ ၂၀၁၀။ အစ်မဖွေးမွေးနေ့)
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 2:20 PM 0 comments
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် ကဗျာ့ ပန်းခင်း, မာရေးသျှင်
Wednesday, December 1, 2010
ကျွန်နော့် စိတ်အကြောင်းပြောပြမည်။ ကျွန်နော့် အပြုအမူအကြောင်းပြောပြမည်။ ကျွန်နော့် ခေတ်အခြေအနေ…. -သူများနိုင်ငံအတွင်းလာအလုပ် လုပ်နေရသည်။ -ကျွန်နော့် ပညာရေးသည် မပြီးသေး။ ပြီးဖို့ လည်းအတော်လိုအုံးမည်။ အဘယ်ကြောင့်ဆိုသော် သင်ခန်းစာ ခေါင်းစဉ်အောက်က မရုံးထွက်နိုင်လို့ ။ -ကျွန်နော့်စိတ်သည် ဘာသာရေးအငွေ့ အသက်များများနဲ့ ကြီးပြင်းလာခဲ့သည့် အတွက် အရာရာကို ဘာသာရေးစိတ်နဲ့ ဆုံးဖြတ်အကဲဖြတ်ခဲ့သည်။ ဘာသာ ရေးအကြောင်းသိလားဆိုတော့ သေသေချာချာမသိ။ -ကျွန်နော့် ရည်မှန်းချက်ဘာလဲဟု ကျွန်နော့် ကိုမေးခဲ့လျင် တိကျစွာ မဖြေတတ်။ ဖြေတတ်အောင်လည်း တစ်ခါမှမစဉ်းစားခဲ့။ ကြုံဆုံခဲ့သည့် ပတ်ဝန်းကျင်ထဲကအတိုင်း ကျွန်နော်ကိုယ်တိုင်ယောင်ဝါးဝါး။ -ကျွန်နော့်စိတ်သည် သူများထက်ပိုပြီးသိချင်၊ တတ်ချင်၊ ပိုပြီးထင်ပေါ် ချင်ခဲ့သည်။ သို့ သော် ထိုသို့ ဖြစ်အောင် တစ်ခုမှ မကြိုးပမ်းခဲ့ ။ သူများ ယောင်လို့ ကိုယ်ယောင်တာပဲ့ ရှိခဲ့၊ အဆုံးထိရောက်အောင်မလုပ်ခဲ့။ -ကျွန်နော့်စိတ်သည် ပြဿနာ ကိုကြောက်သည်။ ဒါကြောင့်ပြဿနာတွေ ကိုလည်း ကောင်းကောင်းမဖြေရှင်းတတ်။ -ကျွန်နော့်စိတ်သည် ကိုယ်မမြင်ဘူးတာ၊ မကြားဘူးတာ သူများလုပ်ထား ရင် အထင်ကြီးသည်။ အားကျသည်။ ကိုယ်တိုင်လုပ်နိုင်တယ်ဆိုတာကို ဘယ်တော့မှမတွေး၊ တွေးဖို့ လည်း မေ့နေလေရဲ့။ လေ့လာဖို့ ဆိုဝေးရော။ -ကျွန်နော့် စိတ်သည် စိတ်ကူးအိပ်မက်တွေနဲ့ ပြည့်နေတတ်သည်။ သို့ သော် တစ်ခါမှ လက်တွေ့ ကျကျမလုပ်ခဲ့။ စကားတွေချည်းပြော၊ လေတွေချည်းပွားနေသည့် အပြောသမား။ -ကျွန်နော့် စိတ်သည် ကိုယ့်ကိုယ်ကိုလည်း တိုးတက်ချင်၏။ အမျိုးအဆွေ ကိုလည်း တိုးတက်ချင်၏။ သို့ သော် ကျွန်နော်သည် “ ဒီနေရာမှာ အမှိုက် မပစ်ရ” ဆိုသည့် စည်းကမ်းကိုတောင် မလိုက်နာနိုင်ခဲ့။ -ကျွန်နော့်စိတ်သည် အားလုံးကို လုပ်နိုင်သည်၊ တစ်ခါလုပ်ပြရင် တတ်သည် ဟုထင်နေ၏။ သို့ သော် ဘာမှမတတ်။ ဟန်ဆောင်နေတတ်သည်။ ဝေဖန် ပြောရမည်ကိုလည်း မရဲတင်း၊ အားလုံးတတ်သည်ဟုလိမ်ညာနေ၊ ဖြီးဖြန်း နေတတ်သည်။ -ကျွန်နော့် စိတ်သည် တစ်ဘ၀လုံး ထမင်းစားနိုင်သည့် အလုပ်တစ်ခု ကို သိထားတတ်ထား၏။ သို့ သော် သိထား၊တတ်ထားသောအကြောင်း ကို တပါးသူအား ဖွင့်ပြောရမှာ၊ သင်ပြရမှာ၊ ပြောပြရမှာ တွန့်တိုနေတတ် သည်။ သူတစ်ပါးရသွားမှာကို အရမ်းကြောက်နေတတ်သည်။ ရှင်းရှင်း ပြောရရင် သူတစ်ပါး တော်သွားမှာ၊ တတ်သွားမှာ ကိုမနာလိုခြင်း။ -ကျွန်နော့်စိတ်သည် ကိုယ့်အသိုင်းအ၀ိုင်းထဲမှ တစ်ယောက်ယောက် ကိုယ့်ထက် ထင်ပေါ်ခဲ့လျင်၊ တတ်ခဲ့လျင်၊ တစ်မူထူးစွာ လုပ်ဆောင် ခဲ့လျင် ထိုသူအပေါ် ပုတ်ခတ်ပြောဆိုခြင်း များနာလိုခံခက်စကားများ ကို ပြောပြီးနှိမ့်လေရှိသည်။ လုံးဝ မတွန်းတင်ပေး။ လုပ်ချင်သည့်စိတ်ကို ချိုးနိုမ်လေ့ရှိသည်။ -ကျွန်နော့်စိတ်သည် ကြားရသည့်သတင်းများထဲ လုံးဝယုံကြည်နေတတ် သည်။မှန်လား၊ တကယ်လား ဆိုသည်ကို မတွေး၊ မလေ့လာ၊ ပြီးတော့ အပြစ်တွေချည်းဖို့ မည်။ ကိုယ်တိုင်ဒီလိုဖြစ်ရင်ဘာလုပ်နိုင်မည်နည်း တစ်ခါမှမစဉ်းစား၊ ဘာလုပ်ပေးနိုင်မည်နည်း လုံးဝမစဉ်းစားခဲ့။ -ကျွန်နော့်စိတ်သည် အလုပ်အပေါ် စိတ် တစ်သတ်မှတ်တည်း မထား။ အလုပ်ခွင် လူကြီးရှိလျင် တစ်မျိုးလုပ်။ လူကြီးမရှိလျင် တစ်မျိုး လုပ်။ တွေးလိုက်သေးသည်။ ဒီနေ့ လူကြီးမလာဘူး။ အားလုံးအေးဆေးပဲ့။ လူကြီးရှိနေရင် ခေါင်းကိုက်တယ်။ -ကျွန်နော့်စိတ်သည် တာဝန်တစ်ခုကို ယူချင်စိတ်မရှိ။ အလုပ်တစ်ခု လုပ်ခဲ့ရင်လည်း အစပိုင်းသာတက်ကြွသည်။နောက်ပိုင်းအချောင်ခိုလာသည်။ ပြဿနာဖြစ်လာခဲ့ရင်လည်း ကိုယ်တိုင်မဖြေရှင်း။ တပါးသူအပေါ်အပြစ်ပုံချ။ ကိုယ်ကတော့ခေါင်းရှောင် ၊လုပ်သက်ရလာလို့ လူကြီးဖြစ်လာရင်လည်း လုပ်သက်လူကြီးပါးဝလာရော။ -ကျွန်နော့်စိတ်သည် ကိုယ့်အတွက်ပဲ့ ဦးစားပေးကြည့်သည်။ တပါးသူကို အလေးမထား၊ ကိုယ့်အတွက်က များများ၊တပါးသူအတွက်က နည်းနည်းလုပ်ပေးသည်။ စေတနာပါလို့ မဟုတ်။ ကိုယ့်အတွက်လိုချင်လို့ ။ အတ္တကြီးသည်။ -ကျွန်နော့်စိတ်သည် သူတပါးက ကောင်းစေချင်လို့ အမှားထောက်ပြသည် ကိုမကြိုက်။ ရန်လိုတတ်သည်။ ပိတ်ပြောတတ်သည်။ ဒါကြောင့် တပါးသူ၏ စိတ်ထားကို နားမလည်။ နားလည်အောင်လည်း မလုပ်တတ်။ -ကျွန်နော့်စိတ်သည် အချိန်ကိုမလေးစား၊ လုပ်ရင်ဖြစ်သည်ကိုလည်း မယုံ၊ကြီးပြင်းရာပတ်ဝန်းကျင်အငွေ့ အသက်၊ အရိပ်အောင်မှ ဖောက်ထွက် ဖို့ လည်း မကြိုးစား၊ အဆီးအတားရှိရင် အားပျော့ချင်၊ ဇွဲမရှိ၊ လမ်းဟောင်း ကြီးအတိုင်းသွားနေကြသည်။ ကိုယ်တိုင်လမ်းဖောက်ဖို့ မစဉ်းစား။ မတွေးတော။ -ကျွန်နော့်စိတ်သည် ကိုယ့်ပတ်ဝန်းကျင်အမြင်နဲ့ ကျေနပ်နေသည်။ အပြင် မထွက်၊သူတပါးအကြံမယူ၊ တိုးတက်နေတာတွေကိုမကြည့်၊ တိုးတက်သော၊ သိသင့်သော၊ တတ်သင့်သော အရာတွေကိုလည်း မလေ့လာ၊ စာလည်းမဖတ်၊ မသိဘဲ တစ်ယောက်တည်းအမြင်တွေချည်းပြော၊ ငြင်းခုန်နေသူ။ -ကျွန်နော့်စိတ်သည် ငါသိသည်၊ငါတတ်သည်။ ဒါဆိုဒါပဲ့ ဒီလိုလုပ် ဆိုသည် ကို အသေဆုပ်ကိုင်ထားသည်။ ၀င်လာသမျှအကြံအဥာဏ်တွေကို ဖမ်းယူ ဖို့ စိတ်တွေကို ဖွင့်ထားချင်းမရှိ။ -ကျွန်နော့်စိတ်သည် အလုပ်တွင်း၌လည်း အရေးကြီးဆုံးတာဝန်ကို မခွဲတတ်၊ မရွေးတတ်၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို လည်းခွဲလို့ မတတ်။အလုပ်တွင်း ၌လည်း အလုပ်အကြောင်းချည်း စိတ်သွင်းလို့ မတတ်၊ အလုပ်ကိုလည်း ပေါ့ပေါ့တန်တန် လုပ်သည်။ အလုပ်အကြောင်းကိုလည်း မလေ့လာ၊ ဆက်ပြီးမလေ့လာတော့။ -ကျွန်နော့် စိတ်သည် အချောင်ခိုသမားစိတ်နဲ့ အတူ ဆင်ဖြူတော်မှီပြီး ကြံစုပ်ချင်သည်။ အရိပ်အားကိုးပြီး မော်ကြွားမော်ကြွားလုပ်ချင်သည်။ -ကျွန်နော့်စိတ်သည် ကိုယ်ပိုင်လွတ်လပ်မှုဆိုသည်ကိုလည်း နားမလည်။ -ကျွန်နော့်စိတ်သည် လူမူရေးရာတွေကိုလည်း သေသေချာချာနားမလည်။ -ကျွန်နော့်စိတ်သည် ကျန်းမာရေးရာတွေကိုလည်း သေသေချာချာနားမလည်။ -ကျွန်နော့်စိတ်သည် ရာဇ အရေးတွေကိုလည်း သေသေချာချာနားမလည်။ -ကျွန်နော့်စိတ်သည် ဓမ္မရေးရာတွေကိုလည်း သေသေချာချာနားမလည်။ -ကျွန်နော့်စိတ်သည် သိအောင်၊နားလည်အောင်လည်း အားမထုတ်။ -ကျွန်နော့်စိတ်သည်………………………………………………………………။ -ကျွန်နော့်စိတ်သည်………………………………………………………………။ -ကျွန်နော့်စိတ်သည်……………………………………………………………..။ ကျွန်နော့်စိတ်သည် ဒီလိုရှိ၏။ ဒီလိုတွေဖြစ်နေ၏။ ကျွန်နော့်၏အမျိုး အဆွေတို့် သည်လည်း ဒီလိုတွေဖြစ်နေ၏။ ဒီလိုဖြစ်နေသည့်အကြောင်း အရာများသည် ကျွန်နော့်၏အပြုအမှုဖြစ်ပါသည်။ အမျိုးအဆွေတို့ ၏ အပြုအမှုလည်းဖြစ်ပါသည်။ ဒီလို အပြုအမှုများသည် ကျွန်နော့်တို့  တိုင်းပြည်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။ယခုခေတ်ကာလ ကျွန်နော့် တို့ တိုင်းပြည်၏ အဆင့်အတန်းသည် ယခုလက်ရှိ ကျွန်နော်တို့  လူပ်ရှား၊နေထိုင်၊ ပြုမူ၊ပြောဆို၊ ဆက်ဆံနေသည့် အရာအားလုံးပင်ဖြစ်ပေ သည်။ကျွန်နော့်စိတ်သည် နှမ်းတစ်လုံးဖြစ်သည်။ အမျိုးအဆွေတို့ သည် နှမ်းတွေအများကြီး ဖြစ်သည်။ ပြန့်ကျဲနေကြသည်။ နှမ်းတို့ မည်သည် အနှစ်သာရတွေပေးရမည်။ ရှင်းရှင်းပြောရရင် ဆီဖြစ်စေရမည်။ ထို့ ကြောင့် နမ်းတစ်လုံးတည်းနဲ့ ဆီမဖြစ်ပေမဲ့ နမ်းတွေအများကြီး ပေါင်းလိုက်ရင် ဆီဖြစ်ဖို့ အတွက် နမ်းတွေအများကြီးဖြစ်အောင်ပျိုးထောင် ရတော့မည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သည် ဆိုသည့် စကားပုံကို ပြောင်းပြန်လှန်ပစ်ရမည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ် လှေလုံး မွှေးစေရမည် ဖြစ်စေရမည်။ လုပ်ဆောင်ရမည်။ လုပ်ကိုလုပ် ရတော့မည်။ ပြောင်းကိုပြောင်းရတော့မည်။ လုပ်ဆောင်ရာတွင် အစ ပိုင်း အခက်အခဲတွေအများကြီးတွေ့ ရမည်။ ကြုံရမည်။ ရှိနေသည်။ ဒါပေမဲ့ ကျွန်နော်တို့ အားလုံး ထက်ထက်သန်သန် လုပ်ကြရင် ဒီအခက်အခဲအားလုံး ပြေလည်နိုင်သည်။ နမ်းတစ်လုံးမှ တစ်လုံးသို့  ပွားနိုင်ပါစေ။ မွှေးသော ငါးခုံးမကောင်းများ ဖြစ်ကြပါစေ။ သိကြပါစေ။ ၀န်ခံတတ်ကြပါစေ။ အမှန်မြင်တတ်ကြပါစေ။
Followers
ပိုစ့်အသစ်တင်ရင် မေးလ်ကိုပို့ပေးဖို့...
သတင်းနှင့် အတွေးအမြင် ... .. .
အေးအေးဆေးဆေး ဖတ်ဖို့ (စာရေးသူအလိုက်)
- မာရေးသျှင် (151)
- သုခမိန် (82)
- တာတူး (ဝါ) အမေ့ခံလူတစ်ယောက် (42)
- ကေဇက် (30)
- Asterisk (22)
- မင်းရဲရှင် (18)
- Rhyme (9)
- တောကြောင် (8)
- နယုန်မိုး (6)
- အိမ်လွမ်းသူ (မှန်နီကုန်း) (6)
- အခြား (2)
အေးအေးဆေးဆေး ဖတ်ဖို့ (ကဏ္ဍလေးတွေအလိုက်)
- ကဗျာ့ ပန်းခင်း (140)
- အရောင်စုံ အတွေးများ . . . . . (116)
- ဝေမျှခြင်း ကဗျာများ (30)
- သဒ္ဓါစံဖတ်ဖို့ မှတ်စုအချို့  (22)
- ပျော်စရာလေးတွေ (21)
- စတင်ခြင်း (16)
- သုတ ပန်းခင်း (11)
- အားယူနေဆဲ အဖူးအပွင့်များ (10)
- ပုံပြင်လေးတွေ (7)
- မာရေးသျှင် ဝေမျှခြင်း အနုပညာ (6)
- ပညာရေး (5)
- SMS ကဗျာများ (4)
- ကလေးကဗျာများ (4)
- သမိုင်းထဲမှ ပန်းပွင့်များ (4)
- အိတ်ဖွင့်ပေးစာ (4)
- ဗေဒင်ကဏ္ဍ (3)
- ဝေမျှခြင်း သီချင်းများ (3)
- ဓါတ်ပုံကဏ္ဍ (2)
- ဝတ္ထုတို (2)
- အသုံးချသိပ္ပံ (1)
ကျွန်တော်တို့အကြောင်း ...
Recent Comments
သူတို့ဖန်တီးတဲ့ အသစ်၊ အသစ်တွေ။
-
ဆုံရပ် 1st Dec 20242 weeks ago
-
စိတ္ရႈပ္တဲ့အခါ6 years ago
-
ငါးဥဘာလချောင်ကြော်လေး ကြော်စားကြဦးမလာ6း years ago
-
-
Havana Blues8 years ago
-
"၀ိုင်သောက်သူ လူကြီးမင်းများ"9 years ago
-
-
-